ရေ၊မိလ္လာစနစ် ပိုက်ဆက်ကျွမ်းကျင် – 10 Posts (M)

ပညာအရည်အချင်းအနေဖြင့် အနည်းဆုံး အလယ်တန်းအဆင့် အောင်မြင်ပြီးသူများ ဖြစ်ရပါမည်။

လုပ်ငန်းအတွေ့အကြုံ လုပ်သက်အနည်းဆုံး ၃ နှစ်ရှိရပါမည်။ ရေ၊ မိလ္လာစနစ်၏ အခြေခံသဘောတရားများကို နားလည်ပြီး အန္တရာယ်ကင်းသော လုပ်ငန်းလုပ်ဆောင်မှုတွင် ပါဝင်လုပ်ဆောင်နိုင်ရမည်။

အသင်းအဖွဲ့ဖြင့် အတူတကွလုပ်ဆောင်နိုင် သောသူဖြစ်ရမည်။ ကုမ္ပဏီမှ ချမှတ်ထားသော မူဝါဒလမ်းစဉ်များကို အလေးထား အောင်မြင်အောင် လုပ်ဆောင်ချင်သော ကောင်းမွန်သည့် စိတ်အခြေခံ အထူးလိုအပ်ပါသည်။ 

နယ်သို့သွားလာနိုင်ရမည်။ ပေးအပ်လာသော လုပ်ငန်းတာဝန်များတွင် တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ရှိရပါမည်။

အထက်ပါ ရာထူးနေရာများအတွက် စိတ်ပါဝင်စားသောသူများသည် ကြော်ငြာပါသည့်ရက်မှ ၂ ပတ်အတွင်း (၃.၀၅.၂၀၁၉) ရက်နေ့နောက်ဆုံးထားပြီး ကုမ္ပဏီ၏ရုံးခန်း (သို့) email ဖြင့် CV form၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ပညာအရည်အချင်း ထောက်ခံစာ၊ လေဘာကဒ်ပြားများကို တစ်ပါတည်း ယူဆောင်ပြီး လာရောက်လျှောက်ထားနိုင်ပါသည်။ ကုမ္ပဏီမှ လိုအပ်သောရာထူးအားလုံးအတွက် အမှန်တကယ် အလုပ်လုပ်ချင်သောသူများသာလာရောက် လျှောက်ထားဖို့ မေတ္တာရပ်ခံအပ်ပါသည်။