Activities

ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာနှင့် ပင့်သံဃာတော်အပါး (၁၈၀၀၀) အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မိသားစုအလှူ

Monday, April 2nd, 2018

၂၀၁၈ ခုနှစ် နှစ်ဦးပထမဆုံးနေ့မှာ အမွန်မြတ်ဆုံးကုသိုလ်တစ်ခု ပြုခွင့်ကြုံရပါပြီ။ EverSpectrum မိသားစု ဒီထက်မက လှူဒါန်းနိုင်ပြီး ဘာသာ သာသနာအကျိုးကို စွမ်းစွမ်းတမံကာကွယ်စောင့်ရှောက်နိုင်သော သူတော်ကောင်းတရားနှင့်အညီနေထိုင်နိုင်သော Organization တစ်ခုအဖြစ်ရပ်တည်နိုင်ပါစေ။ ယနေ့ပြုပြုသမျှသော စုပေါင်းအလှူအတွက် အနန္တသတ္တဝါအပေါင်းကို အညီအမျှပေးဝေပါတယ်။ ကုသိုလ်အဖို့ကို ရရှိကြ၍ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေ။ ယနေ့လှူဒါန်းပူဇော်ရသော အအေး၊ ဖိနပ်အစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့သည် သံဃာ့ဂုဏ်မြောက်အလှူဖြစ်ပြီး နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်ပါစေသတည်း။ #We Love EverSpectrum….. #Creativity is our Strategy….. #Quality is our Way….. နှစ်သစ်မှာ သတ္တဝါအပေါင်းငြိမ်းချမ်းကြစေဖို့ Everspectrum M&E Engineering Co., Ltd မှမေတ္တာရည်လောင်းဆုမွန်တောင်းအပ်ပါသည်။

EverSpectrum Year 2017 Annual Trip Memo

Monday, April 2nd, 2018

EverSpectrum Year 2017 Annual Trip Memo. Million thanks to everyone who is a part of ES’ family ever. We says special thanks to Ma Yee Mon Tun (Admin Manager) who arranged for this pretty and perfet trip with lovely things. We hope to be working together for many more years to get result orientation and […]

ပညာရေးအလှူ ( 2017)

Saturday, June 24th, 2017

ဒီကနေ့ ၂၄၊၆၊၂၀၁၇ နေ့မှာ ရင်ဘတ်ခြင်းနီးတဲ့ ညီလေးညီမလေးများနဲ့ တန်ဖိုးအရှိဆုံး ပညာရေးအတွက် အလှူဒါနတစ်ခုပြုခဲ့ပါသည်။ တစ်ဦးမေတ္တာတစ်ဦးမှာ စေတနာထားပြီး တစ်ယောက်အနွံနာတစ်ယောက်ခံပြီး ရှေ့ဆက်ချီတက်ကြစို့ ညီလေးညီမလေးများ။ အတူတကွ ဆထပ်ထမ်းပိုးလှူနိုင်ကြစေရန်ဆုမွန်ချွေရင်း…… ညီ၊ညီမလေးများအားလုံးကိုလည်း ကျေးဇူိးအထူးတင်ပါတယ်။ ဒီနေ့လှူဒါန်းမှုသည် မိမိတို့၏ဖြူစင်သောချွေးနဲစာလေးများကို ဒါနကုသိုလ်အဖြစ်ပြောင်းလဲပြီး ကုသိုလ်အဖို့ကို အားလုံးသော သတ္တ၀ါအနန္တတို့အား အညီအမျှခွဲဝေပေးပါတယ်။ အမျှ အမျှ အမျှ။